Saturday

NEW
Hun uk : Ms. Vung Sen
Hanthotna : Pr. Kam Za Khai
Laithiangtho : 1 Cor 10 : 7 - 11

 FIVE SIGNS OF IDOLATRY IN THE CHURCH
1 . The idol of celebrity preacher
2 . The idol of worship / entertainment
3 . The idol of personal porsperity
4 . The idol of objectifying God
5 . The idol of ethnicity

Ms.Vung Sen

  1. Lia. Dim Lek , Lia. Khan Nu and Tg. Mung Mung


Pr. Kam Za Khai


MSCCF YF ENGLISH SERVICE (Jan 30 , 2016)

Read More

အလွန်ရသာရှိသော ကြက်ဆီထမင်း တစ်ပွဲ ဖန်တီးမယ်

- ရှမ်းဆန် ၂ လုံး
- ကြက်ပေါင် ၄ပေါင်
- ကြက်ဆီဖတ်(အရေခွံ) ၁၀ သား
- ကြက်ရိုး ၁ဝသား
- စပါးလင် ၁ ပင်
- ဂျင်း ၁လက်မ ခန့် ၁တုံး
- ဆား အနည်းငယ်
- သကြား
- ပဲအနောက်ရည်
- ငရုတ်ကောင်း
- ခရုဆီ
- ကြက်သွန်ဖြူ ၁၀ မွှာ
- ကြက်ဆီဖတ်(အရေခွံ)များကို ဆီအနည်းငယ် ထည့်၍ ကြော်ပါ။ ကြက် အရေခွံများကို ဖယ်ပြီး ကြက်သွန်ဖြူ ၅ မွှာ နုတ်နုတ်စင်း ဂျင်း ၅ ပြားခန့် ပါးပါးလှီးပြီး ဆီချက် ချက်ထားပါ။
- ကြက်ပေါင် ၄ပေါင် နှင့် ကြက်ရိုးကို ရေဆေးပြီး ကြက်သွန်ဖြူ ဂျင်း စပါးလင် ဆားအနည်းငယ် ထည့်ပြီး ပြုတ်ထားပါ။ ပြုတ်နေစဉ် အပေါ် အမြုပ်များကို ဖယ်ပြစ်ပြီး ၃၀ မိနစ်ခန့် ပြုတ်ထားပါ။
- ကြက်သားနူးလျှင် ကြက်သားများ ဖယ်ပြီး ပိုသော ကြက်ပြုတ်ရည်ကို အအေးခံထားပါ။ ကြက်သားကို ပြုတ်ထားသော အတိုင်းကြိုက်လျှင် အရှည်လိုက် လှီးထားပါ။ (ဆီ ရေ အနည်းငယ် ခရုဆီ အနောက်ရည် သကြား ငရုတ်ကောင်းတို့နှင့်နယ်ပြီး အဖုံးအုပ်ပြီး ၅ မိနစ်ခန့် ကြော်ပါတယ်။)
- ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲ ထည့်ပါ။ ကြက်ဆီချက် နှင့် ကြက်ပြုတ်ရေ အပါအဝင် ရေနို့ဆီဘူး ၃လုံး ထည့်ပါ။ သကြား ဆား ဂျင်း ၃ပြား ခန့် ထည့်၍ တည်ပါ။ သခွားသီး နံနံပင် အချဉ် တို့နှင့် တွဲဖက် သုံးဆောင်နိုင်ပါတယ်။
- အချဉ် က chili sauce (သို့) ကြက်သွန်ဖြူ ငရုတ်သီးစိမ်း
- ဂျင်း ပဲငံပြာရည် အကြည်/အနောက် သံပုရာသီး သကြား ရောဖျော်တာနှင့်လည်း တွဲဖက်စားနိုင်ပါတယ်။
- ကြက်ပြုတ်ရည် ပိုပါက ဆား ကြက်သားမှုန့် ငရုတ်ကောင်း ကျောက်ဖရုံသီးတို့နှင့် ဟင်းချို ချက်နိုင်ပါတယ်။
ဒီလိုဆိုရင် အားလုံးအတွက် ကောင်းမွန်သော ကြက်ဆီထမင်း ဖြစ်လို့သွားပါပြီ။

အလွန်ရသာရှိသော ကြက်ဆီထမင်း တစ်ပွဲ ဖန်တီးမယ်

Read More

Friday


ပုစွန်ခြောက်................၂ဇွန်း
ပုစွန်ငံပြာရည်..............၁/၂ခွက်
ကြက်သွန်နီ.................၂လုံး
ကြက်သွန်ဖြူ................၅တက်
ငရုတ်ခွဲကြမ်းမှုန့်.. ..........၁ဇွန်း
ငရုတ်လှော်မှုန့်...............အနည်းငယ်

ပုစွန်ခြောက်ကိုအမှုန့်ဖြစ်အောင်စက်နဲ့မကြိတ်ပဲညှက်နေအောင်ထောင်းပါ။

ကြက်သွန်နီ ၊ ဖြူ တို့ကိုနုပ်နုပ်စဉ်းပါ။

ငရုတ်ခြောက်တောင့်ကိုခွဲကြမ်းဖတ်ခပ်သေးသေးရအောင်ထောင်းပါ။

ဒယ်အိုးတစ်လုံးမှာ..ဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီ ၊ ဖြူ ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်နွမ်းပြီးမွှေးလာလျှင်ထောင်းထားသောပုစွန်ခြောက်ထည့်ကြော်ပါ။

ငရုတ်သီးခွဲကြမ်းမှုန့်ကိုဦးစွာထည့်ပြိးမွှေးအောင်ကြော်ပါ။
ငရုတ်သီးလှော်မှုန့်ထည့်ပေါင်းပါ။(ငရုတ်သီးထည့်ကြော်စဉ်အတွင်းအတတ်နိုင်ဆုံးမီးရှိန်ကိုလျှော့ထားပေးပါ)

ငရုတ်သီးမှုန့်တွေမွှေးလာပြီဆိုမှပုစွန်ငံပြာရည်လောင်းထည့်ပါ။ရေကိုလဲငံပြာရည်ဆတူနီးပါးထည့်ပေးပါ။

ဟင်းခတ်မှုန့်လေးဖြည့်စွက်ပြီးတာနဲ့တစ်ပွက်ဆူလျှင်မီးဖိုပေါ်မှချပြီးသုံးဆောင်ပါ။

ပုစွန်ခြောက်ငံပြာရည်ချက်

Read More

ဈေးတွေထဲမှာစိမ်းစားသရက်သီးရင့်ရင့်တွေပေါ်နေပါပြီ။
သရက်သီးစိမ်းကိုအမျှင်ခပ်ကြီးကြီးခြစ်ပြီးသုပ်စားရတာကလဲရသီစာအရသာတစ်မျိုးပါပဲ။


သရက်သီးစိမ်းကြီးကြီး............၂လုံး
ပုစွန်ခြောက်မှုန့်......................၂ဇွန်း
မျှင်ငါးပိ................................အနည်းငယ်
ကြက်သွန်ဖြူ၊နီဆီချက်.............၁ဇွန်း
မြေပဲထောင်း..........................၂ဇွန်း
ပဲကျက်မှုန့်.............................အနည်းငယ်
ငရုတ်လှော်မှုန့်.. .....................အနည်းငယ်
ငရုတ်သီးစိမ်း.. ......................၃တောင့်
ကြက်သွန်နီ...........................၂လုံး

သရက်သီးကိုအခွံခွာပြီးအမျှင်ခြစ်ပါ။အမျှင်ခြစ်ပြီးတာနဲ့ဆားပါတဲ့ရေထဲမှာ(၅)မိနစ်ခန့်စိမ်ထားပါ။

ငါးပိကိုမီးအနည်ငယ်ကင်ပေးပြီးချေမွှထားပါ။

ပုစွန်ခြောက်၊မြေပဲတို့ကိုသီးသန့်စီညှက်အောင်ထောင်းပါ။

ကြက်သွန်နီ၊ဖြူ ကို နီဝါ လေးရအောင်ဆီသတ်ထားပါ။

ကြက်သွန်နီကိုပါးပါးလှီး၊ရေဆေး၊စစ်ထားပါ။ငရုတ်သီးစိမ်းကိုလဲပါးပါးလှီးပါ။

ပါဝင်ပစ္စည်းများ အရံသင့်ဖြစ်ပြီဆိုရင်တော့ဆားရည်စိမ်ထားတဲ့သရက်သီးတွေကိုရေပြောင်စင်အောင်ဆေးပြီးရေညှစ်ထုတ်ပါ။

ဇလုံတစ်ခုထဲမှာစုပေါင်းထည့်ပြီးဆား၊ဟင်းခတ်မှုန့်၊သကြားလေးအနည်းငယ်ဖြည့်စွက်ကာသမသွားအောင်ခပ်ဖွဖွနယ်ပေးပါ။

သရက်သီးအမျှင်ခြစ်သုပ်

Read More

Thursday

မတင်တာကြာပြီနော်။မေ့သွားကြပြီလား။ခုတော့သားသားမီးမီးလေးတွေအကြိုက် ကိုရီးယားအကင်အရသာလေးတင်ပေးမယ်နော်။

ငါးအသားလွှာ ၂၀၀ ဂရမ်
Korea Fish Cake
ပုစွန်ကျား ၁၀၀ ဂရမ်
ပြည်ကြီးငါး ၁၀၀ ဂရမ်
အားလူးကော်မှုန့် ၁ဇွန်း(ထမင်းစားဇွန်း)
ဂျုံမှုန့် ။
ဆား ၁/၂ဇွန်း(ဇွန်းသေး)
သကြား ၂ဇွန်း ( ။ )
ကြက်သွန်ဖြူ ၄မွှာ
ကြက်သွန်နီ ၁လုံး
ဘဲဥ ။ (အကာ)
ငရုတ်ကောင်း အနည်းငယ်
ဆီ ၁ဇွန်းခန့်
ကြိုက်နှစ်သက်ရာငါး(အခုကတီလာဗီယားကိုသုံးထားတာပါ။)ကိုအသားလွှာ၊ပုစွန်နှင့်ပြည်ကြီးငါးကိုအခွံခွာပြီးသန့်စင်ထားပါ။ပြီးရင်အားလုံးကိုရော၍ကြိတ်စက်ထဲထည့်ပြီးကြိတ်ပါ။ညက်ပြီးအားလုံးရောသွားလျှင် ကြိုက်နှစ်သက်ရာပုံဖော်၍ဆီပူတွင်ထည့်ကြော်ပါ။
အရသာရှိသော ကိုရီးယားအကင်နဲ့တူတဲ့ fish cakeပါရှင်။

Korea fish cake

Read More

ကြက်သဲမြစ်ချဉ်စပ်ထမင်းကြော်
ကြက်သဲမြစ် ၃၀ကျပ်သားထမင်းဖြူ ပန်းကန်လုံး၂လုံး
ကြက်ဥ ၂လုံး
မုန်လာဥနီ ၅ကျပ်သား
ဘိုစားပဲသီး ၅ကျပ်သား
ဂျပန်ပြောင်းဖူး အနည်းငယ်
ကြက်သွန်မြိတ် အနည်းငယ်
သံပုရာသီး ၁လုံး
ငရုတ်သီးစိမ်း ၁၀တောင့်
ခရုဆီ စားပွဲတင်ဇွန်း၁ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၁ဇွန်း
အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း၃ဇွန်း
တရုတ်မဆလာ အနည်းငယ်
ကြက်သွန်နီ ၁လုံး(နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်ဖြူ ၅မွှာ(နုပ်နုပ်စဉ်းထားပါ)
ဆီ စားပွဲတင်ဇွန်း၇ဇွန်း

~ကြက်သဲမြစ်များကိုအတုံးသေးလေးများလှီး၍ရေဆေးကာအရသာမှုန့် ဆား ခရုဆီတို့ဖြင့်နယ်ထားပါ
~ဟင်းသီးများကိုအတုံးသေးလေးများလှီး၍ရေဆေးကာစစ်ထားပါ
~ပန်းကန်လုံးတစ်ခုထဲတွင်ငရုတ်သီးစိမ်းများကိုညှပ်ထည့်၍သံပုရာသီးကိုအရည်ညှစ်ထည့်ထားပါ
~ဒယ်အိုးထဲတွင်ဆီ(လက်ဖက်ရည်ဇွန်း၃ဇွန်းခန့်)ထည့်၍အပူပေးပီးခလောက်ထားသောကြက်ဥများကိုထည့်မွှေကာမကျေတကျေချေပီးဆယ်ထားပါ
~ထိုဒယ်အိုးထဲသို့ဆီထပ်ထည့်၍ပူလာလျှင်ကြက်သွန်နီ ကြက်သွန်ဖြူ အရောင်တင်မှုန့်တို့ကိုထည့်၍ဆီသတ်ပါ
~မွှေးပီးကြွပ်လာလျှင်ကြက်သဲမြစ်နှင့်တရုတ်မဆလာအနည်းငယ်ထည့်မွှေပီးအရောင်ပြောင်းလာလျှင်ဟင်းသီးများကိုထည့်ကာ(၂)မိနစ်ခန့်ကြော်ပေးပါ
~ထို့နောက်ထမင်းဖြူ ကြက်ဥကြော် ပဲငံပြာရည် သံပုရာရည် ငရုတ်သီးစိမ်း အရသာမှုန့် ဆားတို့ကိုထည့်၍သမအောင်မွှေကြော်ပါ
~ထမင်းများခြောက်လာပီးအရသာစိတ်ကြိုက်ဖြစ်လျှင်တရုတ်မဆလာနှင့်ကြက်သွန်မြိတ်တို့ကိုအုပ်၍သုံးဆောင်နိုင်ပါပီ

Credit. - Ei's Cooking Diary

ကြက်သဲမြစ်ချဉ်စပ်ထမင်းကြော်

Read More

ထမင်းဖြူ ပန်းကန်လုံး(၂)လုံး                        
သံပုရာထမင်း
(ဘာစမာတီဆန်ကိုအသုံးပြုပေးပါ)
သံပုရာရည် စားပွဲတင်ဇွန်း၁ဇွန်းခွဲ
မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း၂ဇွန်း
ပဲစဉ်းငုံ လက်ဖက်ရည်ဇွန်း၁ဇွန်း
ကုလားပဲ လက်ဖက်ရည်ဇွန်း၁ဇွန်း
မြေပဲ စားပွဲတင်ဇွန်း၁ဇွန်း
သီဟိုစေ့ စားပွဲတင်ဇွန်း၁ဇွန်း
ငရုတ်သီးစိမ်း ၃တောင့်
ငရုတ်ခြောက် ၅တောင့်
ပျဉ်းတော်သိမ်ရွက် အနည်းငယ်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဝက်

</br>
ဆီ စားပွဲတင်ဇွန်း၂ဇွန်း

~ဒယ်အိုးတစ်ခုထဲတွင်ဆီကိုအပူပေး၍ဆီပူလျှင်မုန်ညင်းစေ့ ပဲစဉ်းငုံ ကုလားပဲ မြေပဲ သီဟိုစေ့တို့ကို(၂)မိနစ်ခန့်ထည့်ကြော်ပေးပါ
~ထို့နောက်ငရုတ်သီးစိမ်း ငရုတ်ခြောက် နနွင်းမှုန့် ပျဉ်းတော်သိမ်ရွက်တို့ကိုထည့်မွှေ၍အနံ့မွှေးလာလျှင်သံပုရာရည်ထည့်ပေးပါ
~အရသာအတွက်ဆားအနည်းငယ်ထည့်ပေးပီးထမင်းဖြူထည့်ကာသမအောင်ခပ်ဖွဖွမွှေပေးပီးလျှင်မီးပိတ်လို့ရပါပီ
ကြက်ဆာတေး ******
ကြက်ရင်ပုံသား (၃၀)ကျပ်သား
နံနံစေ့မှုန့် စားပွဲတင်ဇွန်း၂ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၁ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း၁ဇွန်း
အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
ကြက်သွန်နီ ၁လုံး
ကြက်သွန်ဖြူ ၄မြွှာ
စပါးလင် ၂ချောင်း
ဆီ စားပွဲတင်ဇွန်း၎ဇွန်း
~ကြက်ရင်ပုံသားကိုအလွှာချောင်းလေးများလှီး၍ရေစင်အောင်ဆေးကာဆားအနည်းငယ်နှင့်နယ်ထားပါ
~ကျန်ပါဝင်ပစ္စည်းများအားလုံးကိုကြိတ်စက်(Blender)ထဲတွင်ရောကြိတ်ပါ
~ထိုအနှစ်များနှင့်ကြက်သားကိုသမအောင်နယ်၍ရေခဲသေတ္တာထဲတွင်အနည်းဆုံး(၈)နာရီခန့်နှပ်ထားပါ
~ထို့နောက်အကင်တံတွင်ထိုး၍တစ်ဖက်လျှင်(၃)မိနစ်မှ(၄)မိနစ်ထိကင်ပေးပါ
~အနံ့မွှေး၍အသားနူးလျှင်သခွားသီး ကြက်သွန်နီ
နှစ်သက်ရာဆော့စ်တို့နှင့်တွဲဖက်သုံးဆောင်နိုင်ပါပီ

Credit - Ei's Cooking Diary

အိန္ဒိယစတိုင်သံပုရာထမင်းနှင့်ကြက်ဆာတေး သံပုရာထမင်း

Read More

ပုံမှန်မှိုနှင့်ကန်စွန်းရွက်ကြော်မစားချင်သူများ၊ဆီရှောင်လိုသူများအတွက်အသစ်ဖန်တီးလိုက်တဲ့
ကောက်ရိုးမှို............၁၀ကျပ်သား
မှို၊ကန်စွန်းရေစပ်စပ်ချက်
လယ်ကန်စွန်း............၂စည်း
ကြက်သွန်နီ.. ..........၁ခြမ်း
ကြက်သွန်ဖြူ............၃တက်
ခရမ်းချဉ်သီး............၁လုံး
ငရုတ်သီးစိမ်း.. ........၂တောင့်
ငရုတ်ခွဲကြမ်းမှုန့်........အနည်းငယ်

မှိုကိုရေဆေးသန့်စင်ပြီးလေးခြမ်းခွဲထားပါ။

လယ်ကန်စွန်းကိုနုတဲ့အပိုင်းလေးရွေးပြီးသန့်စင်ပါ။

ကြက်သွန်နီ ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းကိုပါးပါးလှီးပါ။ကြက်သွန်ဖြူကိုညှက်အောင်ထောင်းပါ။

အိုးတစ်လုံးထဲမှာရေလက်ဖက်ရည်ပန်းကန်၁လုံးစာနှင့်အတူမှို၊ကန်စွန်းရွက်မှအပကျန်သည့်အရာများကိုရောထည့်ပြီးအပူပေးပါ။

ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပေးပါ။

ပြုတ်ရည်ဆူပြီဆိုတာနှင့်မှိုကိုဦးစွာထည့်ပါ။မီးရှိန်ကိုအမြှင့်ဆုံးတင်ပြီးမှကန်စွန်းရွက်ထည့်ပါ။

အနည်းငယ်မွှေပြီးကန်စွန်းရွက်တွေအရောင်မပြောင်းခင်မှာတည်ခင်းမည့်ပန်းကန်ထဲသို့လှယ်ထည့်ပါ။

မှတ်ချက်။အိုးထဲမှာအချိန်ကြာမြှင့်စွာထားလျှင်အိုးအပူရှိန်ကြောင့်ကန်စွန်းရွက်တွေဝါသွားတတ်ပါသည်။

မှို၊ကန်စွန်းရေစပ်စပ်ချက်

Read More

မရမ်းသီးအကင်းလေးတွေစပေါ်နေပါပြီ။မရမ်းသီးကိုအချဉ်ဓာတ်မလွန်ကဲခင်အကင်းသီးလေးတွေကိုမှ
ထောင်းစားရတာအကောင်းဆုံးပါ။

မရမ်းသီး.................၁၀ကျပ်သား
ပုစွန်ခြောက်.............၂ဇွန်း
ငရုတ်သီးစိမ်း.. .........၁၀တောင့်ခန့်
ကုလားအော်သီး........၁တောင့်
ကြက်သွန်ဖြူ............၃တက်
မျှင်ငါးပိ.. ................အနည်းငယ်

ပထမဦးဆုံးမရမ်းသီးလေးတွေကိုထက်ခြမ်းခွဲပြီးအစေ့ထုတ်ပါ။

ခပ်ပါးပါးလှီးပြီးဆားအနည်းငယ်နှင့်အတူ(၅)မိနစ်ခန့်နှပ်ထားပေးပါ။

ထိုစဉ်အချိန်အတွင်းငရုတ်သီး၊ကြက်သွန်ဖြူတို့ကိုလှော်ပါ။မျှင်ငါးပိကိုမီးကင်ထားပါ။

ဆားနှင့်နှပ်ထားသောမရမ်းသီးတွေကိုရေနှင့်ဆေးပြီးရေစင်အောင်ညှစ်ထားပါ။(ဆားနှင့်နယ်ပြီးရေဆေးခြင်းကအစေးဓာတ်နှင့်အချဉ်ဓာတ်ကိုလျော့ပါးစေပါတယ်)

ပုစွန်ခြောက်ကိုဦးစွာကြေအောင်ထောင်းပါ။လှော်ထားသောအရောကိုထည့်ထောင်းပါ။

မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။စေးညှက်သွားလျှင်ရေစစ်ထားတဲ့မရမ်းသီးတွေကိုထည့်ထောင်းပေးပါ။

မိမိနှစ်သက်သောအရသာအတိုး၊အလျှော့ရအောင်ဖန်တီးယူပါ။

မရမ်းသီးထောင်း

Read More

Wednesday

ကိုင်းခရမ်းသီးငရုတ်သီးထောင်း
ငရုတ်ခြောက်တောင့်..............၂၀တောင့်ခန့်
ကြက်သွန်ဖြူ........................၅တက်
ကိုင်းခရမ်းချဉ်သီးမှည့်............၅လုံး
ကြက်သွန်မြိတ်.....................၃ပင်
နံနံပင်................................အနည်းငယ်


ငရုတ်ခြောက်တောင့်နှင့်ကြက်သွန်ဖြူကိုရောပြီးမီးရှိန်အေးအေးမှာမွှေးနေအောင်လှော်ပြီးအအေးခံထားပါ။

ကိုင်းခရမ်းချဉ်သီးကိုမီးဖုတ်ပါ(သို့)အကျက်ညီအောင်လှည့်ကင်ပေးပါ။

ကြက်သွန်မြိတ်နှင့်နံနံပင်ကိုရောပြီးပါးပါးလှီးထားပါ။

ဆုံထဲမှာကြက်သွန်ဖြူ၊ငရုတ်လှော်အရောကိုဆား၊ဟင်းခတ်မှုန့်တို့နှင့်အတူညှက်အောင်ထောင်းပါ။

မီးဖုတ်(သို့)ကင်ထားသောခရမ်းချဉ်သီးတွေကိုအခွံခွာထည့်ပြီးကျည်ပွေ့ဖြင့်ဖိချေပေးပါ။

မိမိနှစ်သက်သောအရသာကိုချိန်ညှိယူပြီးပါးပါးလှီးထားတဲ့ကြက်သွန်မြိတ်၊နံနံပင်အရောလေးထည့်မွှေပေးပါ။

မှတ်ချက်။ အစပ်မစားနိုင်သူများအတွက်ပုစွန်ခြောက်(၁)
ဇွန်းလောက်ကိုအကြွပ်ကြော်ပြီးရောထည့်ထောင်းနိုင်ပါသည်။

ကိုင်းခရမ်းချဉ်သီးငရုတ်သီးထောင်း

Read More

Copyright © 2014 H M Channels | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top