Thursday

မရမ်းသီးထောင်း

မရမ်းသီးအကင်းလေးတွေစပေါ်နေပါပြီ။မရမ်းသီးကိုအချဉ်ဓာတ်မလွန်ကဲခင်အကင်းသီးလေးတွေကိုမှ
ထောင်းစားရတာအကောင်းဆုံးပါ။

မရမ်းသီး.................၁၀ကျပ်သား
ပုစွန်ခြောက်.............၂ဇွန်း
ငရုတ်သီးစိမ်း.. .........၁၀တောင့်ခန့်
ကုလားအော်သီး........၁တောင့်
ကြက်သွန်ဖြူ............၃တက်
မျှင်ငါးပိ.. ................အနည်းငယ်

ပထမဦးဆုံးမရမ်းသီးလေးတွေကိုထက်ခြမ်းခွဲပြီးအစေ့ထုတ်ပါ။

ခပ်ပါးပါးလှီးပြီးဆားအနည်းငယ်နှင့်အတူ(၅)မိနစ်ခန့်နှပ်ထားပေးပါ။

ထိုစဉ်အချိန်အတွင်းငရုတ်သီး၊ကြက်သွန်ဖြူတို့ကိုလှော်ပါ။မျှင်ငါးပိကိုမီးကင်ထားပါ။

ဆားနှင့်နှပ်ထားသောမရမ်းသီးတွေကိုရေနှင့်ဆေးပြီးရေစင်အောင်ညှစ်ထားပါ။(ဆားနှင့်နယ်ပြီးရေဆေးခြင်းကအစေးဓာတ်နှင့်အချဉ်ဓာတ်ကိုလျော့ပါးစေပါတယ်)

ပုစွန်ခြောက်ကိုဦးစွာကြေအောင်ထောင်းပါ။လှော်ထားသောအရောကိုထည့်ထောင်းပါ။

မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။စေးညှက်သွားလျှင်ရေစစ်ထားတဲ့မရမ်းသီးတွေကိုထည့်ထောင်းပေးပါ။

မိမိနှစ်သက်သောအရသာအတိုး၊အလျှော့ရအောင်ဖန်တီးယူပါ။

0 comments:

Post a Comment

Copyright © 2014 H M Channels | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top