Thursday

ကြက်သဲမြစ်ချဉ်စပ်ထမင်းကြော်

ကြက်သဲမြစ်ချဉ်စပ်ထမင်းကြော်
ကြက်သဲမြစ် ၃၀ကျပ်သားထမင်းဖြူ ပန်းကန်လုံး၂လုံး
ကြက်ဥ ၂လုံး
မုန်လာဥနီ ၅ကျပ်သား
ဘိုစားပဲသီး ၅ကျပ်သား
ဂျပန်ပြောင်းဖူး အနည်းငယ်
ကြက်သွန်မြိတ် အနည်းငယ်
သံပုရာသီး ၁လုံး
ငရုတ်သီးစိမ်း ၁၀တောင့်
ခရုဆီ စားပွဲတင်ဇွန်း၁ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၁ဇွန်း
အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း၃ဇွန်း
တရုတ်မဆလာ အနည်းငယ်
ကြက်သွန်နီ ၁လုံး(နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်ဖြူ ၅မွှာ(နုပ်နုပ်စဉ်းထားပါ)
ဆီ စားပွဲတင်ဇွန်း၇ဇွန်း

~ကြက်သဲမြစ်များကိုအတုံးသေးလေးများလှီး၍ရေဆေးကာအရသာမှုန့် ဆား ခရုဆီတို့ဖြင့်နယ်ထားပါ
~ဟင်းသီးများကိုအတုံးသေးလေးများလှီး၍ရေဆေးကာစစ်ထားပါ
~ပန်းကန်လုံးတစ်ခုထဲတွင်ငရုတ်သီးစိမ်းများကိုညှပ်ထည့်၍သံပုရာသီးကိုအရည်ညှစ်ထည့်ထားပါ
~ဒယ်အိုးထဲတွင်ဆီ(လက်ဖက်ရည်ဇွန်း၃ဇွန်းခန့်)ထည့်၍အပူပေးပီးခလောက်ထားသောကြက်ဥများကိုထည့်မွှေကာမကျေတကျေချေပီးဆယ်ထားပါ
~ထိုဒယ်အိုးထဲသို့ဆီထပ်ထည့်၍ပူလာလျှင်ကြက်သွန်နီ ကြက်သွန်ဖြူ အရောင်တင်မှုန့်တို့ကိုထည့်၍ဆီသတ်ပါ
~မွှေးပီးကြွပ်လာလျှင်ကြက်သဲမြစ်နှင့်တရုတ်မဆလာအနည်းငယ်ထည့်မွှေပီးအရောင်ပြောင်းလာလျှင်ဟင်းသီးများကိုထည့်ကာ(၂)မိနစ်ခန့်ကြော်ပေးပါ
~ထို့နောက်ထမင်းဖြူ ကြက်ဥကြော် ပဲငံပြာရည် သံပုရာရည် ငရုတ်သီးစိမ်း အရသာမှုန့် ဆားတို့ကိုထည့်၍သမအောင်မွှေကြော်ပါ
~ထမင်းများခြောက်လာပီးအရသာစိတ်ကြိုက်ဖြစ်လျှင်တရုတ်မဆလာနှင့်ကြက်သွန်မြိတ်တို့ကိုအုပ်၍သုံးဆောင်နိုင်ပါပီ

Credit. - Ei's Cooking Diary

0 comments:

Post a Comment

Copyright © 2014 H M Channels | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top