ထမင်းဖြူ ပန်းကန်လုံး(၂)လုံး
![]() |
သံပုရာထမင်း |
သံပုရာရည် စားပွဲတင်ဇွန်း၁ဇွန်းခွဲ
မုန်ညင်းစေ့ လက်ဖက်ရည်ဇွန်း၂ဇွန်း
ပဲစဉ်းငုံ လက်ဖက်ရည်ဇွန်း၁ဇွန်း
ကုလားပဲ လက်ဖက်ရည်ဇွန်း၁ဇွန်း
မြေပဲ စားပွဲတင်ဇွန်း၁ဇွန်း
သီဟိုစေ့ စားပွဲတင်ဇွန်း၁ဇွန်း
ငရုတ်သီးစိမ်း ၃တောင့်
ငရုတ်ခြောက် ၅တောင့်
ပျဉ်းတော်သိမ်ရွက် အနည်းငယ်
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဝက်
</br>
ဆီ စားပွဲတင်ဇွန်း၂ဇွန်း
~ဒယ်အိုးတစ်ခုထဲတွင်ဆီကိုအပူပေး၍ဆီပူလျှင်မုန်ညင်းစေ့ ပဲစဉ်းငုံ ကုလားပဲ မြေပဲ သီဟိုစေ့တို့ကို(၂)မိနစ်ခန့်ထည့်ကြော်ပေးပါ
~ထို့နောက်ငရုတ်သီးစိမ်း ငရုတ်ခြောက် နနွင်းမှုန့် ပျဉ်းတော်သိမ်ရွက်တို့ကိုထည့်မွှေ၍အနံ့မွှေးလာလျှင်သံပုရာရည်ထည့်ပေးပါ
~အရသာအတွက်ဆားအနည်းငယ်ထည့်ပေးပီးထမင်းဖြူထည့်ကာသမအောင်ခပ်ဖွဖွမွှေပေးပီးလျှင်မီးပိတ်လို့ရပါပီ

ကြက်ဆာတေး ******
ကြက်ရင်ပုံသား (၃၀)ကျပ်သား
နံနံစေ့မှုန့် စားပွဲတင်ဇွန်း၂ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၁ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း၁ဇွန်း
အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
ကြက်သွန်နီ ၁လုံး
ကြက်သွန်ဖြူ ၄မြွှာ
စပါးလင် ၂ချောင်း
ဆီ စားပွဲတင်ဇွန်း၎ဇွန်း
နံနံစေ့မှုန့် စားပွဲတင်ဇွန်း၂ဇွန်း
ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း၁ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း၁ဇွန်း
အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၂ဇွန်း
ကြက်သွန်နီ ၁လုံး
ကြက်သွန်ဖြူ ၄မြွှာ
စပါးလင် ၂ချောင်း
ဆီ စားပွဲတင်ဇွန်း၎ဇွန်း
~ကြက်ရင်ပုံသားကိုအလွှာချောင်းလေးများလှီး၍ရေစင်အောင်ဆေးကာဆားအနည်းငယ်နှင့်နယ်ထားပါ
~ကျန်ပါဝင်ပစ္စည်းများအားလုံးကိုကြိတ်စက်(Blender)ထဲတွင်ရောကြိတ်ပါ
~ထိုအနှစ်များနှင့်ကြက်သားကိုသမအောင်နယ်၍ရေခဲသေတ္တာထဲတွင်အနည်းဆုံး(၈)နာရီခန့်နှပ်ထားပါ
~ထို့နောက်အကင်တံတွင်ထိုး၍တစ်ဖက်လျှင်(၃)မိနစ်မှ(၄)မိနစ်ထိကင်ပေးပါ
~အနံ့မွှေး၍အသားနူးလျှင်သခွားသီး ကြက်သွန်နီ
နှစ်သက်ရာဆော့စ်တို့နှင့်တွဲဖက်သုံးဆောင်နိုင်ပါပီ

Credit - Ei's Cooking Diary
0 comments:
Post a Comment